ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Mobile Phone ဖြင့် သတင်းနှင့်ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး (ပင်းတယ) ၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက Mobile Phone ဖြင့် သတင်းနှင့် ဗီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်းအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ် မျက်မမြင်​ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ​နေ့ အကြိုလှုပ်ရှားမှု အခမ်းအနားကျင်းပ

ဒီဇင်ဘာလ ၃ ရက်​နေ့မှာ ကျ​ရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ​နေ့ အထိမ်းအမှတ်အကြိုလှုပ်ရှုားအဖြစ် ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် မျက်မမြင်​ကျောင်း၌ သီချင်းဆိုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲများကို ယ​နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန တညောင်ပင်မဓာတ်အားခွဲရုံ (စလင်း) မြေနေရာအတွက် တောင်သူများအား မြေယာလျော်ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန တညောင်ပင်မဓာတ်အားခွဲရုံ (စလင်း) မြေနေရာအတွက် တောင်သူများအား မြေယာလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေနံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြား အစည်း အဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အ.ထ.က (၁) ကျောင်း၌  လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ် စကားဝိုင်းကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်၊ လူအများရှေ့တွင် ပြောဆိုတတ်စေရန်နှင့် အတွေးအခေါ်များ မြင့်မားလာစေရန်ရည်ရွယ်၍  ယမန်နေ့နေ့လယ် (၂) နာရီအချိန်က အ.ထ.က (၁) ကျောင်း၊ အေးမြမေတ္တာခန်းမတွင် ကျင်းပသည်။

ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အထိမ်းအမှတ်အသိပညာပေး Talk Showဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်အတွင်း ကျရောက်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး Talk Showကို ယနေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်သည်။

ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား(၁၆၄)ဦး  မြဝတီအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဆက်လက် ဝင်ရောက်

 ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ​ယမန်နေ့က ၁၆၄ ဦး ဆက်လက် ဝင်ရောက်ခဲ့ကြောင်းသိရသည်။

ဇီးကုန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီ၊ နတ်တလင်းခရိုင်၊ ဇီကုန်းမြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဌာန၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက သာပေါင်းကျေးရွာအုပ်စု၊ လယ်တွင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

သီပေါမြို့နယ်တွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to