ငါန်းဇွန်မြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ငါန်းဇွန် နိုဝင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က Zoom Meeting ဖြင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ  ဦးမျိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြင်းခြံခရိုင် လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြထွေး(အတွင်းရေးမှူး)က ငါန်းဇွန်မြို့နယ်အတွင်းရှိ ကလေးသူငယ်ဖြစ်ရပ်များကို ဆွေးနွေးတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သက်နောင်ဦး