ပလောက် နိုဝင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာ၊ ကျောက်တောင်ကျေးရွာ၌ မိုးစပါးစံပြ ကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ကျောက်လုံးကြီး ကျေးရွာအုပ်စု၊ ကျောက်တောင်ကျေးရွာ ကွင်းအမှတ် (၆.ခ)၊ ဦးပိုင်အမှတ် (၂၂၃/၃)ရှိတောင်သူ ဒေါ်ငွေဝင်း၏လယ်တွင် ဆင်းသုခ မိုးစပါးစံကွက်ကြီး(အကွက်ကြယ်) (၆၆)ပေ ရိတ်သိမ်းခဲ့ရာ စပါးအစိုထွက်နှုန်း (၉၇)တင်းနှုန်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းထံမှ သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့ဦးစီးမှူး ဦးသက်လွင်နှင့် ဝန်ထမ်းများ၊ မြို့စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးသော်ဇင်ထွန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)