ပုလောမြို့နယ်၊ပလောက်မြို့တွင်  Pestalotiopsis  ရော်ဘာရွက်ကြွေရောဂါကျရောက်မှုရှိ/မရှိ ကွင်းဆင်း၍အရွက်နမူနာ စမ်းသပ်ကောက်ယူစစ်ဆေး

ပလောက်  နိုဝင်ဘာ  ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စု၊ အင်းမကျေးရွာရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီနှင့် ဦးအုန်းမြင့် ရော်ဘာခြံများတွင် Pestalotiopsis  ရော်ဘာရွက်ကြွေရောဂါ ကျရောက်ခြင်းရှိ/မရှိကို ယနေ့နံနက် (၉)နာရီအချိန်က စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းနှင့်ခြံရှင်များက ရော်ဘာရွက်ကြွေများကို နမူနာကောက်ယူပြီး  ဓါတ်ခွဲခန်းသို့ ပို့ ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရော်ဘာရွက်ကြွေများကို ဓါတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးပြီးရလဒ်အား ရော်ဘာခြံရှင် တောင်သူများကိုချပြ၍ ပညာပေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းထံမှ သိရသည်။

နှင်းမြူလွင်(ပလောက်)