Serverအတွင်း ထည့်သွင်းထားရှိသည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)အားမြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ယနေ့နံက်(၉)နာရီအချိန်က Serverအတွင်း ထည့်သွင်းထားရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြင့် ကျင်းပပြုလုပ်ခဲ့သည်။