ရွှေပြည်သာ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်အမှတ်(၁၆)ရပ်ကွက်ရှိ ပြည်သူများအားနိုဝင်ဘာ ၂၄ ရက်နေ့တွင်ကျရောက်သည့်ကမ္ဘာ့ အပ်စိုက်ကုနေ့နှင့် မြန်မာအပ်စိုက်ကုနေ့ကို ကြိုဆိုသောအားဖြင့် သိဒ္ဓိအောင် ရိုးရာတိုင်းရင်းဆေးကုသရေးအသင်းမှ မြန်မာတိုင်းရင်း ဆေးနှင့်အပ်စိုက်ကုဆေး ပညာတို့ဖြင့်အမှတ်(၁၆)ရပ်ကွက်ရန်ပြေ မာန်ပြေသာမဏေကျော် စာသင်တိုက်တွင်နိုဝင်ဘာ ၂၃ ရက်နေ့မှ၂၅ ရက်နေ့အထိအခမဲ့ ကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရသည်။
သိဒ္ဓိအောင်ရိုးရာ တိုင်းရင်းဆေးကုသရေးအသင်းမှကုသပေး လျက်ရှိသောရောဂါများမှာ လေဖြတ်၊ လေငန်း၊ ခေါင်းတခြမ်းကိုက်ခြင်း၊ မျက်နှာတခြမ်းရွဲ့ခြင်း၊ ပါးရွဲ့ခြင်း၊နှာခေါင်းရောဂါများ၊ နှာခေါင်းပိတ်အနံ့မရခြင်း၊ နားမကြားခြင်း၊ ဆွံ့အနားမကြားခြင်း၊ လက်မောင်းကပ်ခြင်း၊ လက်လှုပ်မရခြင်း၊ ဒူးနာ၊ ခါးနာ၊ ခြေထောက်နာ ခြင်း၊လှုပ်မရခြင်း၊အရိုးအကြောရောဂါများနှင့် အထွေထွေရောဂါများကို မြန်မာတိုင်းရင်းဆေးနှင့် အပ်စိုက်ကုဆေးပညာတို့ဖြင့် အခမဲ့ ကုသပေးလျက်ရှိကြောင်းသိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)