သန်လျင်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဆက်စပ်အဖွဲ့များ ပူးပေါင်းပါဝင်သောပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေးစသည့် စစ်ကြောင်းတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာ ဓမ္မဝိဟာရ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။