ရပ်စောက် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းအရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအပြင် ပြည်သူလူထုတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက ဟွေးကျေးရွာအုပ်စု၊ လွယ်ဆင်ကျေးရွာသို့ စစ်ကြောင်းအသွင်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟွေးကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား တာဝန်ရှိသူများက ဆေးဝါးကုသမှုများဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကျေးရွာတာဝန်ခံများနှင့်တွေ့ဆုံကာ ကျောက်တောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုအခြေအနေများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်မှူး ဗိုလ်ချုပ်ကျော်စွာဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)