တောင်ကြီး နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ တောင်ကြီးခရိုင်၊ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ကြီးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ဘက်စုံသုံးခန်းမတွင် ၂၀၂၂ ခုနှစ်၊ ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ကြီးခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးစိုး က (Talk Show) ကျင်းပပြုလုပ်ရတဲ့ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးသူက မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းများ၊ လူနေအိမ်များနှင့် စျေးဆိုင်များတွင် မီးဘေးကြိုတင်ကာကွယ်ရန်အတွက် ထားရှိသင့်သည့်ပစ္စည်းများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရမည့်အခြေအနေများ၊ မီးသတ်ဦးစီးဌာနမှ သဘာဝဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ပေးနေသောအစီအမံများ စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (Community Centre Taunggyi Facebook Page) နှင့် We Love Taunggyi Facebook Page များတွင် Online စနစ်နဲ့ လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးစိုး