ရွှေကူ နိုဝင်ဘာ ၂၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အခြေခံပညာကျောင်းများမှ မြို့နယ်အဆင့် ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခန့်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း “ပညာ့ဂုဏ်ရည်ခန်းမ”၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများကျင်းပရာ၌ ရွှေကူမြို့နယ် တာဝန်ခံမြို့နယ် ပညာရေးမှူး ဦးခင်မောင်လေး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြိုင်ပွဲကိုဆောင်ရွက်လျက်ရှိရာ အင်္ဂလိပ် စာစွမ်းရည် ပြိုင်ပွဲတွင် Grade-5 မှ Grade-9 အထိ ကျောင်းသားကျောင်းသူ (၄၅) ဦး၊ သင်္ချာစွမ်းရည် ပြိုင်ပွဲတွင် Grade-5 မှ Grade-9 အထိ ကျောင်းသားကျောင်းသူ (၄၈) ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်း သူ(၉၃)ဦး ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြသည်။
အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများ ကျင်းပခြင်းဖြင့် အခြေခံပညာကျောင်းသား၊ကျောင်း သူများ၏ အင်္ဂလိပ်စာနှင့်သင်္ချာအရည်အသွေး ထူးချွန်ထက်မြတ်လာမည်ဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်း အမြစ်များဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် အခြေခံပညာကဏ္ဍ၏ ပညာရည်အရည်အသွေးများ မြင့်မားတိုးတက်လာရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ယှဉ်ပြိုင်သူများမှ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူ Grade-5 မှ Grade-9 အထိ ဘာသာရပ်(၁)ခုအတွက် အတန်း(Grade) (၁)တန်းလျှင် ထူးချွန်ကျောင်းသား(၁)ဦးနှင့် ထူးချွန်ကျောင်းသူ(၁)ဦးကို ရွေးချယ်ကာ ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ရန် အ တွက် ဆက်လက်ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)