မြောက်ဦး နိုဝင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ "စနစ်တကျအမှိုက်စွန့်ပစ်ရေး" ခေါင်းစဉ်ဖြင့်အသိပညာပေးဟော ပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ဆန်ချဆိပ်ရပ်ကွက် အ-မ-က(မူလွန်) ၌ ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အငယ်တန်းစာရေးဒေါ်စုလှိုင်ဌေး "စနစ်တကျအမှိုက်စွန့်ပစ်ရေး" ခေါင် းစဉ်ဖြင့် အသိပညာပေးဟောပြောရာတွင် မိမိပတ်ဝန်းကျင်တွင် ပလတ်စတစ်အိတ်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ပလတ်စတစ်အိတ်များသည် ဆွေးမြေ့လွယ်သည့်ပစ္စည်းမဟုတ်သည့်အတွက် အသုံးပြုမှုကို တတ်နိုင်သလောက်လျှော့ချရန်လိုအပ်ကြောင်း၊ အသုံးပြုပြီး ပလတ်စတစ်များကိုလည်း စနစ်တကျအမှိုက်ပုံထဲသို့ စွန့်ပစ်ကြရန်နှင့် အစားအစာများအား ပလတ်စတစ်အိတ် အသုံးပြုထုပ်ပိုးမှုကြောင့် ရောဂါဖြစ်ပွားနိုင်ကြောင်း ကျောင်းသူ/ ကျောင်းသားများအား ပြောကြားခဲ့ပြီးနောက် အမှိုက်များကို အမျိုးအစားခွဲခြားစွန့် ပစ် ရန်၊ လူသုံးကုန်နှင့် စားသောက်ကုန်မှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများခွဲခြား စွန့်ပစ်ရန်၊ ပလတ်စတစ်အိတ်နှင့် ဗူးခွံများကို ခွဲခြားစွန့်ပစ်ရန်၊ ပြန်လည်အသုံးပြုနိုင်သည့် စွန့်ပစ်ပစ္စည်းများ၊ အမှိုက်အစို၊ အမှိုက်အခြောက်ခွဲခြား၍ အမှိုက်ပုံးအသီးသီးတွင် စနစ်တကျ စွန့်ပစ်ရန်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၆၀)ဦးတက်ရောက်ခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ပတ် ဝန်းကျင်ထိန်းသိန်းရေးဆိုင်ရာ အသိပညာပေး စာအုပ်စာစောင်များကို ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)