ပခုက္ကူမြို့၊ အ-ထ-က(၂)ကျောင်း၌ စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ပခုက္ကူ နိုဝင်ဘာ ၂၄

ပခုက္ကူမြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၉)နာရီအချိန်က စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပသည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီအဆင့်ဆင့်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေမှုများ၊ စားသုံးသူ ကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မူများကို တိုက်ရိုက်သုံးစွဲသူ ပြည်သူအများရရှိခံစားရမည့် အကျိုးကျေးဇူးများနှင့် သိရှိသင့်သည့်အချက်အလက်များအကြောင်းတို့ကို ရှင်းလင်းဟောပြောသည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ ဟောပြောမှုအားနားလည်နိုင်မှုစွမ်းရည်မေးမြန်းခြင်း၊ ဆုပေးခြင်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ကိုဇော်(ဓာတု)