ညောင်လေးပင်မြို့နယ်တွင် တိုက်ပွဲရှောင်ပြောင်းရွေ့နေထိုင်သူများ ထောက်ပံ့ပေးအပ်

ညောင်လေးပင် နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ တိုက်ပွဲရှောင်ပြောင်းရွေ့နေထိုင်သူများအား ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၁၂-၁၁-၂၀၂၂)ရက်နေ့မှ (၂၀-၁၁-၂၀၂၂)ရက်နေ့အထိ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့ နယ်များမှ ညောင်လေးပင်မြို့နယ် မြို့မ(၁)ရပ်ကွက်၊ မြို့မ(၂) ရပ်ကွက်၊ မြို့မ(၃)ရပ်ကွက်၊ ပိန်းဇလုပ်မြို့မ(၁)ရပ်ကွက်၊ ကြာအင်းကြီးကျေးရွာ၊ မုက္ခမူကျေးရွာ၊ ကုန်းအင်းကျေးရွာ၊ ဝါးရုံကုန်းကျေးရွာ၊ အလယ်ရွာကျေးရွာ၊ ရေဖြူကန်ကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ ကံကလေးကျေးရွာ၊ ရှမ်းရွာကျေးရွာ၊ ရေဆုံးကျေးရွာ၊ မဒေါက်မြို့မ(၁)၊ နဘဲပင်ကျေးရွာများသို့ ပြောင်းရွေ့လာသည့် တိုက်ပွဲရှောင်အိမ်ထောင်စု (၂၂၅)စုတို့မှ လူဦးရေ (၇၉၅)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆၆၉၅၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)