နတ်မောက်မြို့ မြို့မစည်ပင်သာယာရေးစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့မစည်ပင်သာယာရေးစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ထားရှိမှုကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။

အမ်းမြို့နယ်၌ ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေး ကော်မတီအသစ်ရွေးချယ်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေး ကော်မတီအသစ်ရွေးချယ်ပွဲကို ရွှေအမ်းတောင်ခန်းမ၌ ယမန်နေ့ နေ့လယ်အချိန်က ပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများနှင့် အသိပညာပေး ကွင်းသရုပ်ပြပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အင်းကုန်းကျေးရွာတွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများနှင့် တောင်သူအသိပညာပေးကွင်းသရုပ်ပြပွဲကျင်းပခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံတွင် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းခြင်းကို နိုဝင်ဘာလ ၂၃ ရက် နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

တောင်ကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။

ပွင့်ဖြူမြို့ မြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံမှုရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံမှုရှိစေရန်အတွက် ယနေ့နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး စာဖတ်စွမ်းရည်၊ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက စာဖတ်ရှိန်မြင့်မားရေး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြို်ငပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်စကားဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးနှင့် အတွေးအမြင်ကောင်းများရရှိ‌စေရန်ရည်ရွယ်၍ “လူငယ်စကားဝိုင်း” ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ပဲခူးမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက ပဲခူးမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ်၌ ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ Talk Show ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နေ့လယ် ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
Subscribe to