ရွှေကူ နိုဝင်ဘာ ၂၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုးမွေးမြူရေးစီမံကိန်းလုပ်ငန်းများ မြန်ဆန်ထိရောက်စွာဆောင်ရွက်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေသိန်း(၁၉၀၀)အား ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီများထံသို့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာ၌ ရွှေကူမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေး စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ အနီးကပ်ကြီကြပ်မှုများဖြင့် ဆောင်ရွက်ကြမည့်အစုအဖွဲ့သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း လုပ်ငန်းများမြန်ဆန်ထိရောက်အကျိုးရှိစွာ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ မြို့နယ်အဆင့်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့်ကျေးရွာများဖြစ်သည့် ဇီးဖြူကုန်းကျေးရွာအတွက် သိန်း(၆၀၀)ကိုလည်းကောင်း၊ ငါးဘတ်ကြီးကျေးရွာအတွက် သိန်း(၄၀၀)ကိုလည်းကောင်း၊ ရွှေဘုံသာကျေးရွာအတွက် သိန်း(၃၀၀)ကိုလည်းကောင်း၊ ရွှေကူလေးကျေးရွာအတွက် သိန်း(၃၀၀)ကိုလည်းကောင်း၊ ကျွန်းတော်ကျေးရွာအတွက် သိန်း(၃၀၀)ကိုလည်းကောင်း၊ စုစုပေါင်းမတည်ထောက်ပံ့ငွေသိန်း(၁၉၀၀)ကို သက်ဆိုင်ရာကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီများထံသို့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လက်ဝယ်အရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)