ကျောက်တန်း နိုဝင်ဘာလ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ရေကျော်ကျေးရွာအုပ်စု ၊ရေကျော်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် Gone Shein Htet Co Ltdမှ တာဝန်ယူဆောင်ရွက်နေသော ၄.၅(၆၀၀)တွင်းနက်တူးဖော်ခြင်း၊ ဂါလန်၂၄၀၀ဆံ့ စင်မြင့်ရေစင်(၁၀x၁၀x၄)ဆောက်လုပ်ခြင်းနှင့် ရေစက်ရုံ(၁၀x၈x၈)ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းဝင်းလတ်နှင့် အင်ဂျင်နီယာများမှ ၂၄.၁၁.၂၀၂၂ရက်နေ့တွင် လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် တွင်းနက်တူးဖော်ခြင်းလုပ်ငန်း (၃)ခု၊ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း(၁)ခု၊ ရေကန်အနက် နှိုက်ခြင်းလုပ်ငန်း(၂)ခု၊ မြေသားရေကန် PE sheet ခင်းခြင်းလုပ်ငန်း(၁)ခု၊ စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်း (၁)ခု၊ အိမ်သွယ်ရေတိုင်သွယ်တန်းခြင်း(၃)ခု ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း (၃)ခုနှင့် ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း လုပ်ငန်း(၁၇)ခုတို့အား ဆောင် ရွက်ပေးလျက်ရှိသဖြင့် ကျေးရွာများအတွက် သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)