Serverအတွင်း ထည့်သွင်းထားရှိသည့် အိမ်​ထောင်စုလူဦး​ရေစာရင်း ပုံစံ(၆၆/၆)အား​မြေပြင်တိုက်ဆိုင်စစ်​ဆေးခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအ​ဝေး ကျင်းပ

ချောက် နိုဝင်ဘာ ၂၄

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊ ​ချောက်မြို့နယ်၊ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနခန်းမတွင် ယ​နေ့နံက်(၉)နာရီအချိန်က Serverအတွင်း ထည့်သွင်းထားရှိသည့် အိမ်​ထောင်စုလူဦး​ရေစာရင်းပုံစံ(၆၆/၆)အား​ မြေပြင်တိုက်ဆိုင်စစ်​ဆေးခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအ​ဝေးကို ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ​မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ​ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဌေး​ကျော်က အဖွင့်အမှာစကား​ပြောကြားရာတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ပြုစုရာတွင် အခြေခံရမည့် အိမ်ထောင်စုလူဦးရေစာရင်းကို တိကျမှန်ကန်စွာ ပေးအပ်နိုင်ရေး Server အတွင်း ထည့်သွင်းထားရှိသည့် အိမ်​ထောင်စုလူဦး​ရေစာရင်းပုံစံ (၆၆/၆)အား​ မြေပြင်တိုက်ဆိုင်စစ်​ဆေး​​ခြင်းလုပ်ငန်းအတွက် ကွင်းဆင်းဆောင်ရွက်ရန် လုပ်ငန်းအပ်နှင်းခြင်းဖြစ်​ပြီး ​​ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွက် အားထည့်ဆောင်ရွက်​ကြရန် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊​ ခရိုင်ဦးစီးမှူး ဦးစန်းဝင်းက Serverအတွင်း ထည့်သွင်းထားရှိသည့် အိမ်​ထောင်စုလူဦး​ရေစာရင်းပုံစံ (၆၆/၆)အား​မြေပြင်တိုက်ဆိုင်စစ်​ဆေး​ခြင်း လုပ်ငန်း​ဆောင်ရွက်မည့် စီမံချက်အား ရှင်းလင်းတင်​ပြ​ပြီး ချောက်မြို့နယ်ဦးစီးမှူး ဦး​အောင်​ဇော်တင့်နှင့် ရေနံ​ချောင်းမြို့နယ်ဦးစီးမှူး ဦးတင်​အောင်​ကျော်တို့က Server အတွင်း ထည့်သွင်းထားရှိသည့် အိမ်​ထောင်စုလူဦး​ရေစာရင်းပုံစံ (၆၆/၆) အား​ မြေပြင်တိုက်ဆိုင်စစ်​ဆေးခြင်းလုပ်ငန်း ကွင်းဆင်း​ဆောင်ရွက်မည့် အ​ခြေအ​နေများအား အသီးသီး ရှင်းလင်းတင်ပြခဲ့သည်။        

ထို့နောက် ချောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​အောင်ဇင်ဦးတို့က လုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ အုပ်ချုပ်​ထောက်ပံ့မှုနှင့်​ ဆောင်ရွက်မည့်အ​ခြေအ​နေများအား ဖြည့်စွက်ဆွေးနွေးတင်ပြမှု့အပေါ် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဉက္ကဋ္ဌက ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

​​ချောက်ခရိုင်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် Server အတွင်း ထည့်သွင်းထားရှိသည့် အိမ်​ထောင်စုလူဦး​ရေစာရင်း ပုံစံ(၆၆/၆)စာရင်းအရ ချောက်​မြို့နယ်တွင် လူဦးရေ (၆၂၇၆၀)ဦးနှင့် ရေနံချောင်းမြို့နယ်တွင် (၄၅၄၈၉)ဦးရှိ​ပြီး အဆိုပါစာရင်းအား မြေပြင်နှင့် တိုက်ဆိုင်စစ်ဆေး၍ လိုအပ်သည်များ ထပ်မံထည့်သွင်း​​ခြင်း၊ ကွဲလွဲမှုများအား​ ပြင်ဆင်​ခြင်း၊ မြေပြင်နှင့် server မကိုက်ညီမှုများအား တိုက်ဆိုင်စစ်​ဆေး​ပြီး ပယ်ဖျက်ခြင်းများ​ ဆောင်ရွက်သွားမည်​ဖြစ်​​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)