ညောင်တုန်း နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲအနားကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခန်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပေးအပ်ခြင်းဖြစ်ပြီး ပီပြင်စွာ ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြား၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမြတ်ပွင့်ဖြူက မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာစီမံကိန်းသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး၊ တိရစ္ဆာန်အရင်းအမြစ် တိုးပွားလာစေရန်၊ ဒေသအတွင်း မျိုးကောင်း၊ မျိုးသန့်တိုးပွားလာပြီး အသားထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးလာကာ စားနပ်ရိက္ခာ ဖူလုံ၍ ပိုလျှံမှုများကို အခြားမြို့နယ်များသို့ တင်ပို့ရောင်းချရန် စသည့် ရည်ရွယ်ချက်များဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အရင်းမပျောက်မတည်ရန်ပုံငွေအဖြစ် ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာစီမံကိန်း ဆောင်ရွက်မည့် မိုးဟုတ်ကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာရှိ ကော်မတီဝင်များထံသို့ စီမံကိန်းရန်ပုံငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)