သုံးခွမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ကျန်းမာရေးစစ်ကြောင်းမှ လက်ပန်ကျိုးကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်

သုံးခွ နို၀င်ဘာ ၂၄  

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန်က လက်ပန်ကျိုးကျေးရွာ စိတ္တသုခကျောင်း တိုက်ဓမ္မာရုံတွင် ကျန်းမာရေးစစ်ကြောင်းအနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask ဖြန့်‌ဝေခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ပထမဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်၀င်းသန်းက လက်ပန်ကျိုးကျေးရွာနေ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရန်နည်းလမ်း များ၊ကိုဗစ်-၁၉‌ ရောဂါကာကွယ်နိုင်ရေး နှာခေါင်းစည်း Maskကို စနစ်တကျ တပ်ဆင်စေရန်နှင့်  နေအိမ်များရှိ ရေစည်၊ရေအိုးများတွင်  ပိုလောက်လမ်းမပေါက်ပွားစေ‌ ရန်ဖုံး၊ သွန်၊လဲ၊ စစ်လုပ်ငန်းများကိုဆောင်ရွက်ကြ‌စေလိုကြောင်း‌ပြောကြားခဲ့သည်။ ထို့‌နောက် မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကျော် ကိုကိုခိုင်က ကျေးလက်နေပြည်သူများ ချမ်းသာကြွယ်၀မှုရရှိစေရေးလုပ်ဆောင်ရမဲ့ နည်းလမ်းများ၊ မိသားစု၀င်ငွေတိုးပွားစေဖို့နည်းလမ်းများ၊ လူမှုစီးပွားဘ၀တိုးပွားဖို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးတွဲဖက်လုပ်ကိုင်စေလိုကြောင်း‌ ပြောကြားခဲ့သည်။ ထို့အပြင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ဆရာမများကကျေးလက်နေပြည်သူ များအား သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့်ဆီး‌ချို‌ရောဂါ ရှိ/မရှိ ကျန်းမာရေးစစ်ဆေး‌ပေးခြင်းများနှင့်အတူ နှာခေါင်းစည်း Mask များဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်မှုကို ကျန်းမာရေးစစ်ကြောင်းမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်၀င်းသန်းဦး ဆောင်၍ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်စာရင်းစစ်ရုံး၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူး ပေါင်းဆောင်ရွက်ခဲ့ကြသည်။

စည်သူလင်း(ပြန်/ဆက်)