မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိုနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ကြီးတံခွန် နိုဝင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်းဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းနိုင်က ကလေးသူငယ်တိုင်း အသက်ရှင်သန်ရန်၊ ဖွံ့ဖြိုးတိုးတက်ခွင့်ရှိရန်၊ ကလေးများအပေါ်ကျရောက်နိုင်သော အန္တရာယ်ကို ကာကွယ်ခွင့်ခံယူရန်နှင့် ကလေးသူငယ်တိုင်း ကိုယ်တိုင်ပူးပေါင်းပါဝင်ရန် လိုအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ပြီး မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်သီတာစိန်က လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းကြီး(၇)ရပ်ရှိကြောင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအနေဖြင့် လမ်းပေါ်နေကလေးသူငယ်နှင့် တောင်းရမ်း စားသောက်နေသောက‌လေးများအား အ‌ခြေခံပညာ သင်ကြား‌ပေးခြင်း၊ ကျောင်းမနေကလေးများအား အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးလျက်ရှိကြောင်းနှင့် ကလေးသူငယ်များ၏ မိဘများအား တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ကိုင်နိုင်ရန် ငွေကြေးအရင်းအနှီးများ ထုတ်ပေးကြောင်း ဆွေးနွေးပြီး   မြို့နယ်ပညာရေးမှူး ဒေါ်နှင်းမူက ကျောင်းပြင်ပ ပညာရေးအဖြစ် ညနေကျောင်းဆင်းချိန် စင်တာ(၈)ခုတွင် ကလေး(၂၈၃) ယောက်အား ပညာသင်ကြားပေးလျက်ရှိကြောင်း၊ တက်ရောက်လာကြသည့် လုင်ငန်းကော်မတီဝင်များက ကလေး သူငယ်အခွင့်အရေးများနှင့်ပတ်သက်ပြီး အသီးသီး မေးမြန်းဆွေးနွေးကြရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌမှ ကော်မတီဝင်များ လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ပေါင်းစညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)