ကျောက်မဲ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျောက်မဲပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင်၊ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်ကုသနေသော လူနာများ၏ သွေးလိုအပ်ချက်အရ ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့် ဦးဆောင်၍ တပ်ဖွဲ့ဝင်(၅)ဦးမှ စုပေါင်းသွေးလှူဒါန်းခြင်းဖြစ်ကြောင်း၊ သွေးလိုအပ်သော လူနာများကို မြို့နယ်ရဲမှူးမှ ကြည့်ရှုအားပေးပြီး အာဟာရဖြည့်အစားအစာများ ကိုပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)