ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်

ပိုင်ကျုံ နိုဝင်ဘာ  ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေနံနက်ပိုင်းက  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အငယ်တန်းစာရေး ဒေါ်အိသံချိုက Talk Show ဆွေးနွေးပွဲကျင်းပြပုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက အရွယ်မတိုင်မီ ကလေးငယ်များ လုပ်ငန်းခွင်သို့ ရောက်ရှိလာရသည့် အဓိကအကြောင်းရင်းများ၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ကြိုတင်ကာကွယ်တားဆီးရမည့်အချက်များ၊ ကလေးငယ်များနှင့်ပတ်သက်ပြီး ရသင့်ရထိုက်တဲ့အခွင့်အရေး စသည့်အသိပညာပေးအကြောင်းများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟဟိုဌာနတွင်  အသိပညာဗဟုသုတရရှိစေမည့် အကြောင်းအရာများကို ပြည်သူများသိရှိစေရန်ရည်ရွယ်၍ ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကို အသိပညာပေး(Talk Show) ,ဆွေးနွေးအဖြစ် လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

နော်ခူးခူး(ပြန်/ဆက်)