မိုင်းဆတ် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၂)သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အရန်မီးသတ်တပ်ဖွဲ့၊ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားတွင် အမှတ်(၁၄)စစ်ဆင်ရေး ကွက်ကဲမှုဌာနချုပ်၊ ခေတ္တစစ်ဆင် ရေးကွက်ကဲရေးမှူး ဗိုလ်မှူးကြီးမြင့်ကျော်က မီးသတ်တပ်ဖွဲ့ စတင်ဖွဲ့စည်းတည်ထောင်စဉ်က ဖွဲ့စည်းပုံ၊ ဝတ်စားဆင်ယင်မှု၊ စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်များကို စနစ်တကျပြဋ္ဌာန်း သတ်မှတ်ခဲ့ကြောင်း၊ မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်၊ အခြားသဘာဝ ဘေးအန္တရာယ်၊ ကပ်ရောဂါဘေးအန္တရာယ်များ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စိတ်ပါဝင်စားစွာ ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အရန်မီးသတ် (မွမ်းမံ)သင်တန်းဆင်းလက်မှတ်အား ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ဝင်းကပေးအပ်ရာ သင်တန်းသားများကိုယ်စား အရန်မီးသတ်တပ်ခွဲမှူး ဦးစိန်လှ ကလက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားသို့ အမှတ်(၁၄)စစ်ဆင်ရေးကွက်ကဲရေးဌာနချုပ်၊ ခေတ္တစစ်ဆင်ရေးကွက်ကဲရေးမှူး ဗိုလ်မှူးကြီးမြင့်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)