အင်းစိန်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ (၁/၂၀၂၂)ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက  ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် စွမ်းရည်ပြည့်ဝသည့် မီးသတ်တပ်ဖွဲ့ဝင်များဖြစ်လာစေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲ(၁/၂၀၂၂)ကို ယနေ့နံနက် ၉ နာရီက အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

သနပ်ပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ-ထ-က(သနပ်ပင်)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ဇီဇဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကလေးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မာရေးဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center)တွင် ယ‌နေမွန်းလွဲပိုင်းက ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် မိုဘိုင်းဖုန်းဖြင့် Word File နှင့် Video File ပေးပို့နည်းများကို ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

လမ်းမတော်မြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ အ.ထ.က(၈)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများ ရရှိစေရေး လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်နှင့် အတွေးအခေါ်များမြင့်မားလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(၈)ကျောင်း၊ ဧဝရတ်ခန်းမတွင် ကျင်းပသည်။

မြဝတီမြို့၌ ဌာနဆိုင်ရာ ဝန်ထမ်းများမှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ပြည်သူများနှင့် တွေ့ဆုံ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ စိုက်ပျိုးရေးဇုန်ရှိ ဗုဒ္ဓကျေးဇူးကျောင်းတိုက်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများက ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ပြည်သူများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်၌ ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်း အမှတ်စဉ်(၁/၂၂၂) ဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ကြက်ခြေအနီအသင်းခွဲမှကြီးမှူး၍ ရှေးဦးသူနာပြုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြိုနယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊  စမ်းချောင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် စီမံကိန်းသီးနှံများ ရည်မှန်းချက်အတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ ကျေးရွာအုပ်စုအသီးသီးတွင် စီမံကိန်းသီးနှံများ ရည်မှန်းချက်အတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရန်နှင့် အောင်မြင် နိုင်ရေးအတွက် နယ်မြေအလိုက် စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့များ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယ‌နေ့နံနက် ၉နာရီက အိမ်မဲမြို့နယ် ကွင်းကလေးကျေးရွာအုပ်စုနှင့် ကြို့ကုန်းကျေးရွာအုပ်စုတို့အား အဖွဲ့အမှတ်  (၁၃)  အဖွဲ့မှ ကွင်းဆင်းစည်းရုံးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to