ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ်ခရိုင်၊ဒ ဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အပတ်စဉ်အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့တို့တွင် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရသေ့တောင်မြို့နယ် (Community Centre) ခန်းမ၌ စာအုပ်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က စာအုပ်ပြပွဲများကို ကျင်းပပြသခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂-ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား တက်ရောက်

၂၀၂၂-ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြော သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍

ငွေဆောင်မြို့၊ အလယ်ရွာကျေးရွာအုပ်စု၊ လိပ်အင်းကုန်းကျေးရွာတွင် နေကြာမျိုးစေ့ချခြင်းနှင့် ထွန်ယက်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အလယ်ရွာကျေးရွာအုပ်စု၊ လိပ်အင်းကုန်း ကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဆောင်းသီးနှံနေကြာ စိုက်ပျိုးမည့် လယ်၅ဧကအား စုပေါင်းထွန်ယက်ခြင်းနှင့် မျိုးစေ့ချခြင်း အခမ်းအနားအား ယနေ့နံနက် ၁၀နာရီက ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ပုသိမ်မြို့နယ်မှ စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဝင်း၊ မြေစာရင်းဦးစီးမှူး၊ စီမံကိန်းဦးစီးမှူး၊ စက်မှုလယ်ယာဦးစီးမှူး၊ သစ်တောဦးစီးမှူး၊ ဆည်မြောင်းဦးစီးမှူး စသည့် မြို့နယ် စိုက်/တိုး/မြှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကာ အလယ်ရွာကျေးရွာအုပ်စုရှိ ဆောင်းသီးနှံနေကြာ စိုက်ပျိုးမည့် တောင်သူ ၅၅ဦး လာရောက်ခဲ့ကြောင်း သိရသည်။  

မုဒုံမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကိုကျင်းပရာ ကော်မတီတွင်ပါဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် NGO အဖွဲ့အစည်းများ တက်ရောက်သည်။

ကျုံပျော်တွင် ထိန်းချုပ်ဓာတုပစ္စည်းများဆိုင်ရာ ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား ဘေးအန္တရာယ် ဖြစ်စေခြင်းနှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ် နိုင်ရန်အတွက် ထိန်းချုပ်ဓာတုပစ္စည်းများဆိုင်ရာ ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်သော ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာအလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးလုပ်ငန်းကော်မတီ၏ အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ပုသိမ်မြို့၊ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ယနေ့၊ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to