စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းသိကောင်းစရာအသိပညာပေး Talk Show ဆောင်ရွက်

ကော့သောင်း နို၀င်ဘာ ၂၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ လူထုအခြေပြု ဗဟိုဌာနတွင်  စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲ ကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်မြသီတာက စားသုံးသူရေးရာဦးစီး ဌာန၏ မျှော်မှန်းချက်နှင့်ရည်ရွယ်ချက်များ၊ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့် အရေးနှင့် စားသုံးသူများ၏တာဝန်ဝတ္တရားများ၊ စားသုံးသူများ၏နစ်နာမှုနှင့် တိုင်ကြားနိုင်သည့် အခွင့်အလှမ်းများ၊တိုင်ကြားနိုင်သည့်နေရာများအား အများပြည်သူဗဟုသုတဖြစ်ဖွယ် အသိပညာပေးပြောကြားခဲ့ကြောင်းသိရသည်။

ခမောက်ကြီး(ပြန်/ဆက်)