မိုးညှင်း နိုဝင်ဘာ ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၁၁/၂၀၂၂)လအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ရုံးလုံခြုံရေး မိမိဝန်ထမ်းလုံခြုံရေး ဂရုပြုကြရန်၊ မိုင်းသတိ မိုင်းအသိအထူးဂရုပြုကြရန်၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးလုံခြုံရေးဂရုစိုက်ကြရန်နှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးရွာများ၌ အဖွဲ့ကိုယ်စီဖြင့် ကွင်းဆင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာများမှ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်း ဆောင်ရွက်ရမည့် အခြေအနေများကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အသီးသီးဆွေးနွေး တင်ပြကြ ရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း