တောင်တွင်းကြီးမြို့နယ် လိပ်တိုက်ကျေးရွာသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

တောင်တွင်းကြီး နိုဝင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က တောင်တွင်းကြီးမြို့နယ် လိပ်တိုက်ကျေးရွာသို့သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်းတို့က မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် သီးနှံဝင်ငွေတိုးပွားစေမည့် ဆီထွက်သီးနှံ နေကြာကို ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရေးအတွက် Booster Dose ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ မိမိတို့ရပ်ရွာတွင် ထပ်ဆောင်းကာကွယ်ဆေး မထိုးနှံရသေးသူများရှိပါက အလေးထားထိုးနှံကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကာ ကျေးရွာနေပြည်သူများ၏ တင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)