ကျောက်ဖြူ နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာ၌ မိုးစပါးစံကွက်(၀.၁၀)ဧကရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ဂုံးချွိန်ကျေးရွာအုပ်စု၊ လယ်ဒါပြင်ကွင်း တောင်သူဦးမောင်ဝေ၏လယ်မြေတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ကျောက်ဖြူမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ တောင်သူများတက်ရောက်ကြည့်ရှုခဲ့ကြပြီး မိုးစပါးစံကွက်(၀.၁၀)ဧကရိတ်သိမ်းရာ၌ တောင်သူဦးမောင်ဝေ စိုက်ပျိုးထားသည့် ဒေသစပါးမျိုးအား ရိတ်သိမ်းခြင်းဖြစ်ကာ အထွက်နှုန်းအနေဖြင့် (၇၀)တင်းကျော်ခန့်ထွက်ရှိခဲ့ရာ မြို့နယ်၏မိုးစပါးအထွက်နှုန်းပိုမိုတိုးတက်လာစေရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး၊ စိုက်စနစ်မှန်ကန်စေရေးနှင့် အပင်ပြုစုခြင်းဆိုင်ရာနည်းစနစ်များကို ကျောက်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ တောင်သူများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး