တောင်ငူ နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကေတုမတီမြို့သစ်၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့က တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် နည်းပညာတက္ကသိုလ်(တောင်ငူ) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်က ကျောင်းသား/သူများအား မောင်မယ်တို့အနေဖြင့် မိမိတို့၏ ရည်ရွယ်ချက်နှင့်အညီသက်ဆိုင်ရာ ဘာသာရပ်အလိုက် အင်ဂျင်နီယာဘွဲများကိုရရှိအောင် မဆုတ်မနစ်သော ဇွဲလုံလဝီရိယဖြင့် ကြိုးစားအားထုတ်ပြီး တိုးတက်အောင်မြင်တဲ့ အသိပညာရှင် အတတ်ပညာရှင်ဖြစ်အောင် အားသွန်ခွန်စိုက်ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် တက္ကသိုလ်ဌာနမှူး(သင်တန်း)ဒေါ်သင်းသင်းခိုင်က ကျောင်းစည်းကမ်း၊ စာမေးပွဲဆိုင်ရာစည်းကမ်းများကို ပြောကြားပြီး သင်ကြားရေးဌာနမှူးများက တစ်ဦးချင်းမိတ်ဆက်ကြ၍ ဘာသာရပ်အလိုက်ဌာနမှူးများက ဘာသာရပ်အကြောင်းများကို မိတ်ဆက်ပြောကြားသည်။ ဆက်လက်၍ တက္ကသိုလ်အကြောင်း Documentary Video ကိုပြသ၍ နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးက ကျောင်းတက်ရသည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။
နည်းပညာတက္ကသိုလ်(တောင်ငူ)တွင် အင်ဂျင်နီယာပညာဌာနကြီး(၆)ခုနဲ့ စာပေပညာဌာနများနှင့် ဘာသာစကားဌာနစသည့် ဌာနများဖြင့်(၂၀၂၂-၂၀၂၃)ပညာသင်နှစ် သင်တန်းနှစ်အသီးသီးတွင် ကျောင်းသား/ သူ(၁၅၁၀)ဦး တက်ရောက်လျက်ရှိကြပြီး တက္ကသိုလ်၏ စီမံ/သင်ကြားရေး ဆရာ/ ဆရာမ(၁၄၇)ဦးမှ သင်ကြားပေးလျက်ရှိကြောင်း နည်းပညာတက္ကသိုလ်(တောင်ငူ)မှ (၁၉၉၀-၁၉၉၁)ပညာသင်နှစ်မှစတင်၍ လူငယ်မောင်မယ်များအား (AGTI)ဒီပလိုမာ( ၉၁၄၉ )ဦး၊( B.Tech )ဘွဲ့ရ(၅၈၂၁)ဦး၊( B.S )ဘွဲ့ရ (၅၉)ဦး၊ (B.E)ဘွဲ့ရ(၅၂၇၈)ဦး၊ (M.E)ဘွဲ့ရ(၈၅)ဦး စုစုပေါင်း(၂၀၃၉၂)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်