မင်းလှမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲ စတင်ဖြေဆို ကျင်းပ

မင်းလှ နိုဝင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပညာရေးဌာနမှ ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်း၍ စာရိတ္တကောင်းမွန်သည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို အ.ထ.က မင်းလှ (မြို့ပြင်) ကျောင်း၌ ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖြေဆို ကျင်းပခဲ့ကြောင်း သိရသည်။

လူရည်ချွန်စာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ လူတွေ့နူတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်း ဘာသာရပ်တို့ဖြင့် (၃) ရက်ကြာ ကျင်းပမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းက မြန်မာစာဘာသာရပ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းမှ Grade-9 တွင်ကျောင်းသား (၁၃) ဦး၊ ကျောင်းသူ (၁၄) ဦး၊ Grade-10 တွင်ကျောင်း သား (၇) ဦး၊ ကျောင်းသူ (၇) ဦး၊ Grade-11 တွင်ကျောင်းသား (၇) ဦး၊ ကျောင်းသူ (၇) ဦး စုစုပေါင်း (၅၅) ဦးတို့ ပျက်ကွက်မရှိ ဝင်ရောက်‌ဖြေဆိုခဲ့ကြသည်။

လူရည်ချွန်စာမေးပွဲကို ခရိုင်ပညာ ရေးဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်း၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းဌေးနှင့် ကြီးကြပ်ရေးမှူး ဒေါ်ခင်စန်းဝင်းနှင့် ဆရာ ဆရာမများက အနီးကပ် ကြီးကြပ်လျက်ရှိသည်။

အဆိုပါ ကျောင်းသားကျောင်းသူများမှ သာယာဝတီခရိုင် အဆင့်အတွက် အတန်းတစ်တန်းလျင် ကျောင်းသားတစ်ဦး၊ ကျောင်းသူတစ်ဦးနှုန်းဖြင့် စုစု‌ပေါင်း (၆) ဦးရွေးချယ်ကာ သွားရောက်ယှဉ် ရမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)