ဖား​ဆောင်းမြို့နယ်၌ ဆီထွက်သီးနှံ ​ဆောင်း​​နေကြာ (​ရေဆင်း-၁) စံပြစိုက်ခင်းများ ​အောင်မြင်ဖြစ်ထွန်း​မှုအား ကွင်းဆင်းကြည့်ရှု

ဖား​ဆောင်း နိုဝင်ဘာ ၂၈

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ ​ဆောင်းနေကြာ (​ရေဆင်း-၁) စိုက်ပျိုးထားရှိမှုနှင့် ​အောင်မြင်ဖြစ်ထွန်း​မှုအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များက ယမန်​နေ့က ပါပုကျေးရွာ​နေ ​တောင်သူဦးပြည့်စုံ၏ ယာ​မြေ​နေရာ၌ စိုက်ပျိုးထား​သော ​ဆောင်းနေကြာ (​ရေဆင်း-၁) စံပြစိုက်ခင်း ၃ ဧက ​နေရာသို့ ကွင်းဆင်းကြည့်ရှုခဲ့​ကြောင်း သိရသည်။

ကွင်းဆင်း​ဆောင်ရွက်ရာတွင် စံပြစိုက်ခင်းများ စတင်စိုက်ပျိုးထားရှိမှုနှင့် ​အောင်မြင်ဖြစ်ထွန်းနေမှု အ​ခြေအ​နေများကို မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦး​ဇော်မင်းထွန်းက ရှင်းလင်းတင်ပြခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးက ​ဒေသတွင်းစားသုံးဆီ ဖူလုံမှု ရှိ​စေ​ရေးအတွက် ဆီထွက်သီးနှံ ​​ဆောင်းနေကြာ (​ရေဆင်း-၁) နှင့် ​ဆောင်းနေကြာကို ပိုမိုစိုက်ပျိုးနိုင်​ရေး ပညာ​ပေးစည်းရုံးခြင်း၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်​ရေးနှင့် သီးညှပ်စိုက်ပျိုးခြင်းများ စည်းရုံး​ဆောင်ရွက်ကြရန် မှာကြားခဲ့​ကြောင်း သိရသည်။

မြို့နယ်အတွင်း ​​ဆောင်းနေကြာ စိုက်ပျိုးရန် လျာထားဧကမှာ (၁၄၅) ဧက ရှိရာ ​ဆောင်း​​နေကြာ (၃) ဧက စိုက်ပျိုးထာပြီး ​စိုက်ပျိုးရန်အတွက် လိုအပ်​သော မျိုး​ကောင်း၊ မျိုးသန့်များ ရရှိနိုင်​ရေး၊ သိပ္ပံနည်းကျစိုက်ပျိုး​ရေး၊ အပင်ပြုစု ​စောင့်​ရှောက်​ရေး နည်းစနစ်များ၊ ပိုးမွှား​ရောဂါ​ကြိုတင် ကာကွယ်​ရေး နည်းလမ်းများနှင့် ရိတ်သိမ်းချိန် လွန်နည်းပညာများကို ​တောင်သူများအချိန်မီ သိရှိစေရန်အတွက် မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်၊ ပံ့ပိုးကူညီ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်းနှင့် မျိုး​ကောင်းမျိုးသန့်ရရှိ​ရေး၊ သီးနှံအထွက်နှုန်းတိုး​စေ​ရေး၊ ပိုးမွှားအန္တရာယ် ကာကွယ်​ရေးတို့အတွက် ​မြေသြဇာများကိုလည်း ဖြန့်​ဝေ​ပေးလျက်ရှိကြောင်း သိရသည်။

နန်းသဲနု​အောင် (ဖား​ဆောင်း)​