သံတွဲ နိုဝင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်စာပေချစ်မြတ်နိုးသူများအဖွဲ့ ( Youth Club )နှင့်စာဖတ်ဝိုင်းကို စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု” စာအုပ်ဖြင့် ယမန်နေ့ ညနေ ၃ နာရီအချိန်က အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သံတွဲ Youth Club အဖွဲ့ဝင် ဦးကောင်းဝေသာက စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု” စာအုပ်မှ “ကျွန်ုပ်တို့သည်ကား စုစည်းအား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးရန်လွင်သော်က “ပညာနှင့်တူသောအလင်း”ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ ဦးစိုးပြည့်စုံကျော်က “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးမိုးမြင့်က “ပူးပေါင်းဆောင်ရွက်ခြင်း”ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးအနေဖြင့်ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ Talk Show များ၊စာဖတ်ဝိုင်းများ၊ဟောပြောပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ခရိုင်(ပြန်/ဆက်)