ရသေ့တောင် နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော မြို့ကျက်သရေဆောင် စေတီတောင်ဘုရားပွဲတော်ကို နတ်တော်လဆန်း၁၃ ရက်နေ့မှ လပြည့်နေ့ထိ ဗုဒ္ဓပူဇနိယပွဲများ၊ ရွာရှင်နတ်ပူဇော်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ စေတီတောင်ဘုရားအား ဗုဒ္ဓပူဇနိယပွဲမတိုင်မီ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအဖြစ်ဂူဝဘုရားများအား သန့်ရှင်းရေးပြုလုပ်ခြင်းများ၊ ထုံးသင်္ကန်းကပ်လှူခြင်းများကို ရသေ့တောင်မြို့နယ် မီးသတ်ဦးစီးဌာန ဝန်ထမ်းများက (၂၆-၁၁-၂၀၂၂)မှ ယမန်နေ့များတွင် ကုသိုလ်ပြု လုပ်အားပေး ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)