ရသေ့တောင်မြို့တွင် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင်၊ အလှူရှင်များမှ စတုဒီသာ ကျွေးမွေးလှူဒါန်း

ရသေ့တောင် နိုဝင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များတွင်၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စေတနာရှင်များ၊ အလှူရှင်များတစ်ဦးချင်း(သို့) စုပေါင်းပြီး စတုဒီသာကျွေးမွေးလှူဒါန်းခြင်းကိုများ လုပ်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းတွင်

လည်း အ‌ရှေ့တောင်ရပ်ကွက်၊ နန္ဒာလမ်းလမ်းမိသားစုမှ အလှူရှင်များမှ ဆန်ပြုတ်ဖြင့် ဒါနပြု ကျွေးမွေးလှူဒါန်းကြပြီး၊ အရှေ့မြောက်ရပ်ကွက်မှ ဦးမောင်သန်းညွန့်၊ ဒေါ်ဦးမြသန်းမိသားစုတို့မှ ဆက်နှံမုန့်ချိုဖြင့် ဒါနပြု ကျွေးမွေးလှူဒါန်းကြရာ ပျော်ပျော်ပါးပါး လှည့်လည်စားသောက်ကြသူများနှင့် အထူးစည်ကားလျက်ရှိရပြီး လာရောက်ကြသော ဧည့်သည်များမှာ မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ပျော်ပါးပါး လာရောက်စားသောက်ကြသူများနှင့် အထူးစည်ကားလျက်ရှိကြောင်း သိရှိရပါသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)