မြောင်းမြမြို့တွင် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်

မြောင်းမြ  နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ်  သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၇)နာရီအချိန်က မြောင်းမြမြို့အတွင်းရှိ စျေးများအတွင်းတွင် ပလပ်စတစ်အိတ် မသုံးစွဲရနေ့အား သိရှိလိုက်နာကြရန်  အသိပညာပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအသိပညာပေးခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက အသားငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ စားသောက် ကုန်ပစ္စည်းများကို  အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်အစား  ထုတ်ပိုး၍ရသည့် ​ငှက်ပျောရွက်​၊ ဖက်ရွက်များ၊ စက္ကူများဖြင့် အစားထိုးသုံးစွဲ ရောင်းချကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)