အမျိုးသားစာပေဆုရ လူငယ်စာပေဆုရှင် စာရေးဆရာ အကြီးကိုကို (ကသာ) အား မြစ်ကြီးနားမြို့ လေဆိပ်၌ ဂုဏ်ပြုကြိုဆို

မြစ်ကြီးနား နိုဝင်ဘာ ၂၈

၂၀၂၁ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ဆုတက်ရောက်ယူခဲ့သည့် အမျိုးသားစာပေဆုရ လူငယ်စာပေဆုရှင် စာရေးဆရာ အကြီးကိုကို (ကသာ) အား မြစ်ကြီးနားမြို့ လေဆိပ်၌ ယမန်နေ့မွန်းလွဲပိုင်းက လှိုက်လှဲစွာဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ဂုဏ်ပြုကြိုဆိုရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ၊ တိုင်းရင်းသားယဥ်ကျေးမှုအဖွဲ့များက လေဆိပ်၌ ကြိုဆိုပြီး၊ စီတာပူရပ်ကွက်ရှိမနောကွင်းတွင် အမျိုးသားစာပေဆုရ လူငယ်စာပေဆုရှင် စာရေးဆရာ အကြီးကိုကို(ကသာ)က ကြိုဆိုပေးခဲ့သည့် ပြည်နယ်အစိုးရအဖွဲ့၊ ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းရင်းသားယဥ်ကျေးမှုအဖွဲ့တို့ကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် မနောကွင်းတွင် အဖွဲ့အလိုက် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)