ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကျင်းပ

ချောင်းဆုံ နိုဝင်ဘာ ၂၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား မြို့နယ်အဆင့် ဘက်စုံထူးချွန်သည့် လူရည်ချွန်ရွေးချယ်မှု စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် () နာရီ အချိန်က စတင်၍ ချောင်းဆုံ (..က) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ပွဲကို မြို့အတွင်းရှိ အထက်တန်း၊ အလယ်တန်းကျောင်းမှ (Grade-9,Grade-10, Grade-11) မှ ကျောင်းသား/သူ (၆၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ နိုဝင်ဘာ (၂၈) ရက်နေ့တွင် မြန်မာစာ၊ အင်္ဂလိပ်စာဘာသာရပ်ကိုလည်းကောင်း၊ နိုဝင်ဘာ (၂၉)ရက်နေ့တွင် သင်္ချာဘာသာရပ်နှင့် အထွေထွေဗဟုသုတ ဆိုင်ရာ ဘာသာရပ်ကိုလည်းကောင်း၊ ရွေးချယ်မှုအနေဖြင့် နောက်ဆုံးတွင် လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

ချောင်းဆုံ(ပြန်/ဆက်)