တပ်ကုန်းမြို့၌ မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲကျင်းပ

တပ်ကုန်း နိုဝင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်(အသား ကဏ္ဍ)ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရေအေး ကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာစံထွန်းဝေ၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူး နိုင်လင်းတို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဥတ္တရခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာဇော်ဝင်းထွန်း၊ တပ်ကုန်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာကောင်းစိုးစံတို့က မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ခြင်းရည်ရွယ်ချက်များနှင့် ကျေးရွာရွေးချယ်ခြင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များ၊ ရရှိမည့်အကျိူးကျေးဇူးတို့ကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ညောင်တုန်းအိုင်ကျေးရွာ စီမံ ကိန်းဝင် အိမ်ထောင်စု(၃၀)စုအတွက် မတည်ရန်ပုံငွေ သိန်း(၃၀၀)ကျပ်အား စီမံကိန်းဝင် အိမ် ထောင်စုများ လက်ဝယ်အရောက် တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာစီမံကိန်း အိမ်ထောင်စုဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရပြီး၊ အဆိုပါရန်ပုံငွေများရရှိသည့် စီမံကိန်းဝင်အိမ်ထောင်စုများက ဒေသမျိုးဖြစ်သော နွားမ များ ဝယ်ယူ၍ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်