ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မြို့နယ်အဆင့် လူရည်ချွန်‌ရွေးချယ်ပြိုင်ပွဲကျင်းပ

ရသေ့တောင် နိုဝင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ပညာကိုကြိုးစားအားထုတ်မှု ပိုမိုတိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်‌ရွေးချယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။

ထိုသို့ မြို့နယ်အဆင့် လူရည်ချွန်‌ရွေးချယ်ပြိုင်ပွဲကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် တာဝန်ရှိသူများကလာ‌ ရောက်ကြည့်ရှုကြပြီးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ လူရည်ချွန်‌ရွေးချယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကျောင်းသား၊ ကျောင်းသူ Grade- 9 မှ (၅) ဦး၊ Grade- 10 မှ (၄) ဦး၊ Grade- 11 မှ (၄) ဦး စုစုပေါင်း (၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့အနက်မှ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများကို နိုဝင်ဘာ (၂၉) ရက်နေ့၌ လူတွေ့စစ်ဆေးသွားမည်ဖြစ်ကာ ပြည်နယ်အဆင့်သို့ ဆက်လက်ပြီး သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)