စလင်းမြို့နယ်တွင် စလင်းစည်ပင်သာယာမြို့မစျေးကြီးနှင့် ဆင်ဖြူကျွန်းမြို့မစည်ပင်သာယာစျေး အတွင်း၊ အပြင်ရှိ စျေးဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ စည်ပင်သာယာမြို့မစျေးနှင့် ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာစျေးကြီး အတွင်း၊ အပြင်ရှိ စျေးဆိုင်ခန်းများအား  ယမန်နေ့ နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့ မြို့မစည်ပင်သာယာဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင် သာယာဈေးကြီးအား မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရေး ယမန်နေ့ မွန်းလွဲ ၂ နာရီက  ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက် ၈ နာရီကစ၍ (၃၃)ရပ်ကွက်၊ ကျောက်စိမ်းလမ်းနှင့် ဆရာစံလမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ ပြည်သူများအား ရောင်းချပေးခဲ့ကြကြောင်းသိရသည်။

ပွင့်ဖြူမြို့ မြို့မစည်ပင်သာယာဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရေး ယမန်နေ့ မွန်းလွဲ ၂ နာရီက  ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သူနာပြုသင်တန်းကျောင်း(ထားဝယ်)အားကြည့်ရှုစစ်ဆေးပြီး ကျောင်း၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးတို့က သူနာပြုသင်တန်းကျောင်း(ထားဝယ်)အားကြည့်ရှု့စစ်ဆေးပြီး ကျောင်း၏လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်ရှိ နွမ်းပါးသည့်ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များအား ဆက်လက်ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အထောက်အကူဖြစ်စေရန် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ဆက်လက်ရောင်းချပေးလျက်ရှိရာ ယမန်နေ့မနက် (၈:၃၀)အချိန်က စက်မှုလက်မှုရပ်ကွက်၊ သုခကာရီဓမ္မာရုံစုရပ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့်

ရခိုင်ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ (၁/၂၀၂၂)အစည်းအဝေးကျင်းပ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ အချိန်စေ့လွန်ကြွေးကျန်များကောက်ခံရေး၊ ချေးငွေထုတ်ချေးရေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ (၁/၂၀၂၂)အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၌၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊  ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်  ကြိုဆိုပွဲကို ယမန်နေ့ နံနက်ပိုင်းက  တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင်  ကျင်းပသည်။

ရသေ့တောင်မြို့တွင် မြို့ကျက်သရေဆောင်စေတီတောင်ဘုရားအား ဂေါပကအဖွဲ့စည်းမျဉ်းရေးဆွဲအတည်ပြုခြင်းအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြို့ကျက်သရေဆောင်စေတီတောင်ဘုရားအား ဂေါပကအဖွဲ့စည်းမျဉ်းရေးဆွဲအတည်ပြုခြင်းအခမ်းအနားကို စေတီတောင်ဘုရားဓမ္မာရုံအတွင်း ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်တွင်ကျင်းပပြုလုပ်ရာ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များ၊ ဩဝါဒစရိယဆရာတော်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ ရပ်မိ/ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများတက်ရောက်ကြသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မွန်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to