ကျွန်းလှမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်ကွက် စံကွက်ရိတ်သိမ်းပွဲကျင်းပ

ကျွန်းလှ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျီးအင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၂၉၂၊ တောင်သူ ဦးတင်မောင်လေး၏ မိုးစပါး ဧရာမင်း မျိုးစေ့ထုတ်ကွက် () ဧကတွင် ယနေ့နံနက် နာရီက ဒသမ ပေပတ်လည် စံကွက်ရိတ်သိမ်းရာ တစ်ဧက အခြောက်ထွက်နှုန်း ၁၀၁ ဒသမ ၀၆ တင်း ထွက်ရှိကြောင်း သိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီနှင့် ဝန်ထမ်းများ၊ မြိုနယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

 ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုစပါး ဧက ၃၄၀၉၃ စိုက်ပျိုးခဲ့ပြီး ဒေသနှင့် ကိုက်ညီသည့် ဧရာမင်း၊ မနောသုခ၊ ရွှေသွယ်ရင်နှင့် ချမ်းမြေ့မေစပါးမျိုးများ စိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို