ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းရာသီ စိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေး လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ဆောင်းရာသီကာလ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက  ဆက်လက်ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့ကားဂိတ်များတွင် အမှိုက်စနစ်တကျ စွန့်ပစ်နိုင်ရန် အမှိုက်ခြင်း၊ အမှိုက်ပုံးများ ထားရှိခြင်း ရှိ/မရှိစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့တော်သန့်ရှင်းသာယာလှပစေရန် အမှိုက်များ စနစ်တကျ စွန့်ပစ်တတ်စေရန် ယနေ့နံနက် (၁၀)နာရီအချိန်က ကြံခင်းမြို့ အဝေးပြေးကားဂိတ်ဝန်းအတွင်းရှိ ကားဂိတ်များတွင် စစ်ဆေးဆောင်ရွက်ကြသည်။

ပေါက်တောမြို့တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲဆက်လက်ကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို နိုဝင်ဘာ (၂၈) ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် အထွေထွေဗဟုသုတဘာသာရပ်နှင့် လူတွေ့စစ်ဆေးမှုအား အ.ထ.က-မြို့မ ကျောင်းခန်းမတွင် နေ့လယ် (၂) နာရီက ဆက်လက်ကျင်းပလျက်ရှိသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး အခြေခံဝါးလက်မှုပညာသင်တန်းဆင်းပွဲသို့ တက်ရောက်

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း(MWCDF)မှ ကြီးမှူးဖွင့်လှစ်သည့် COVID-19 ရောဂါကာလအတွင်း ကျေးလက်နေအမျိုးသမီးများ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး ရည်ရွယ်၍ အခြေခံဝါးလက်မှုပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ဥတ္တရသီရိမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီး စီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေး၊ စပါးခွံလောင်စာတောင့် တိုးမြှင့်ထုတ်လုပ်ရေးနှင့် ပုဂ္ဂလိကဝါးနှင့် စက်မှုကုန်ကြမ်း သစ်မာစိုက်ခင်းများ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး စီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေး၊ စပါးခွံလောင်စာတောင့် တိုးမြှင့်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ စပါးခွံလောင်စာတောင့်စက်ရုံ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။

မိုးမောက်မြို့နယ်၌ အချိန်စေ့လွန်ချေးငွေ ( NPL) ပြန်လည်ပေးဆပ်နိုင်ရေး ကော်မတီ အစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇင်မောင်မောင် ဦးဆောင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ဗန်းမော်) မှ မိုးမောက်မြို့နယ် အတွင်းရှိ တောင်သူများသို့ ထုတ်ချေးထားသော ၂၀၂၀ ဆောင်းသီးနှံ၊ ၂၀၂၁ ဆောင်းသီးနှံ Covid-19 Special Relief loan အချိန်စေ့လွန်ချေးငွေ (NPL) များအားလာမည့် ဒီဇင်ဘာလအကုန်အတွင်း အပြေအကြေပြန်လည်ပေးဆပ်နိုင်ရေး မြို့နယ်ချေးငွေ အကြံပေးအဖွဲ့၀င်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ) ရုံးခန်း၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ မြစိမ်းရောင်စီမံကိန်းဝင် အသင်းသူ၊ အသင်းသား(၂၃၄) ဦးအား ငွေကျပ် (၃၅၁) သိန်း ထုတ်ချေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသည့် အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ လူထုအခြေပြုစင်တာခန်းမတွင် ထုတ်ချေးပေးခဲ့သည်။

မင်းလှမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းက မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်များကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီချိန်က မြို့နယ်အောင်တံခွန်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီခွဲ အချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းတွင် ကျင်းပကြသည်။

ပေါက်တောမြို့နယ် ကျောက်ဆိပ်ကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ (နဝမ) အကြိမ်ထုတ်ချေးပေး

ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးခြင်းကို ယနေ့နံနက် ၁၁ နာရီက ကျောက်ဆိပ်ကျေးရွာ ဒေသခံပြည်သူများအား (နဝမ) အကြိမ်ပြန်လည်ထုတ်ချေးပေး သည်။
Subscribe to