ပေါက်တော နိုဝင်ဘာ ၂၉
ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးခြင်းကို ယနေ့နံနက် ၁၁ နာရီက ကျောက်ဆိပ်ကျေးရွာ ဒေသခံပြည်သူများအား (နဝမ) အကြိမ်ပြန်လည်ထုတ်ချေးပေး သည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်းချေးငွေများ ထုတ်ချေးပေးနေမှုကို ပေါက်တောမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်းနှင့် ဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။ ကျောက်ဆိပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (နဝမ) အကြိမ် ရန်ပုံငွေထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ ၅၂ ဦးအား ရန်ပုံငွေကျပ် ၉,၁၅၀,၀၀၀၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇၃ ဦး အား ရန်ပုံငွေကျပ် ၁၅,၂၅၀,၀၀၀၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၁၉ ဦးအား ရန်ပုံငွေကျပ် ၅,၄၅၀,၀၀၀၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၃၇ ဦးအား ရန်ပုံငွေကျပ် ၁၃,၁၅၀,၀၀၀ စသည်ဖြင့် အသင်းသား၊ အသင်းသူ စုစုပေါင်း ၁၈၁ ဦးအား ရန်ပုံငွေကျပ်စုစုပေါင်း ၄၃,၀၀၀,၀၀၀ ကို ကျေးရွာအရောက် ထုတ်ချေးပေးကြောင်း သိရသည်။
ဝင်းမင်းစိုး (ပြန်/ဆက်)