အလုံမြို့နယ် သာလွန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက်ရည်ရွယ်ကာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် သာလွန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး Second Dose ထိုးနှံပေးခဲ့ကြောင်း သိရသည်။