ပေါက်တောမြို့တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲဆက်လက်ကျင်းပ

ပေါက်တော  နိုဝင်ဘာ  ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို နိုဝင်ဘာ (၂၈) ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် အထွေထွေဗဟုသုတဘာသာရပ်နှင့် လူတွေ့စစ်ဆေးမှုအား အ.ထ.က-မြို့မ ကျောင်းခန်းမတွင် နေ့လယ် (၂) နာရီက ဆက်လက်ကျင်းပလျက်ရှိသည်။

ထိုသို့ လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို နိုဝင်ဘာ ၂၈ ရက်နေ့မှစတင်၍ မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာရပ် ရေးဖြေစစ်ဆေးမှုအား စတင်စစ်ဆေးခဲ့ပြီးဖြစ်ကာ ယနေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့စစ်ဆေးမှုအား မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ (၁၀) ဦး၊ ဒသမတန်း ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးနှင့် ဧကာဒသမတန်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးတို့က အ.ထ.က မြို့မကျောင်းခန်းမတွင် ဖြေဆိုခဲ့ကြပြီး နိုဝင်ဘာ (၃၀) ရက်နေ့တွင် ကိုယ်ကာယ ကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ပေါက်တောရွှေမြေ အားကစားကွင်းကြီးတွင်လည်းကောင်း ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)