သာပေါင်း နိုဝင်ဘာ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီခွဲ အချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းတွင် ကျင်းပကြသည်။
မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ နေကြာ၊ နွေစပါး၊ ပဲတီစိမ်း၊ စိုက်ပြီး၊ စိုက်ရန် ကျန်ဧက အခြေအနေ၊ မိုးစပါးရိတ်သိမ်းမှုအခြေအနေ၊ နေကြာ၊ နွေစပါး၊ ပဲတီစိမ်းချေးငွေရယူမည့် ကျေးရွာအုပ်စု တောင်သူဧကစာရင်း၊ Contract Farming ဆောင်ရွက်မည့်အခြေအနေ၊ နိုင်ငံစီးပွားမြှင့်တင်ရန်ပုံငွေမှ သွင်းအားစုရယူမည့် အခြေအနေ၊ စိုက်ဘဏ်ကြွေးကျန်ကိစ္စ အခြေအနေတို့ကို အပတ်စဉ်တနင်္လာနေ့တိုင်း တင်ပြနိုင်ရေး၊ မြေပြင်ကွင်းဆင်းစစ်ဆေးရေး၊ နေကြာ Contract Farming ဆောင်ရွက်နေသည့် တောင်သူစာရင်း မှန်ကန်မှုရှိရေး ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း(ပြန်/ဆက်)