မင်းလှ နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်များကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီချိန်က မြို့နယ်အောင်တံခွန်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါလေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူးဦးကျော်မိုးဝင်းဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်တာဝန်များနှင့်အညီ လုပ်ငန်းစဉ်(၇)ရပ်ဖြစ်သော မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်(၄)ရပ် ထက်မြက်စေရန်နှင့် မီးသတ်ယာဉ်/စက်နှင့် ပစ္စည်းကိရိယာများ ကြံ့ခိုင်စေရေး၊ သင့်(၄)သင့်ဖြစ်သော လူအသင့်၊ ယာဉ်/စက်အသင့်၊ ဆီအသင့်၊ ရေအသင့်ရှိနိုင်ရေး၊ မြို့နယ်အတွင်း မီးလောင်မှု မီးလန့်မှုများ ဖြစ်ပွားပေါ်ပေါက်လာပါက မီးဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး စက်ကြီး/စက်ကလေး လေ့ကျင့်ခန်း၊ ရေစိုလေ့ကျင့်ခန်း(Fire Drill)များ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)