ကြံခင်းမြို့ကားဂိတ်များတွင် အမှိုက်စနစ်တကျ စွန့်ပစ်နိုင်ရန် အမှိုက်ခြင်း၊ အမှိုက်ပုံးများ ထားရှိခြင်း ရှိ/မရှိစစ်ဆေး

ကြံခင်း နိုဝင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့တော်သန့်ရှင်းသာယာလှပစေရန် အမှိုက်များ စနစ်တကျ စွန့်ပစ်တတ်စေရန် ယနေ့နံနက် (၁၀)နာရီအချိန်က ကြံခင်းမြို့ အဝေးပြေးကားဂိတ်ဝန်းအတွင်းရှိ ကားဂိတ်များတွင် စစ်ဆေးဆောင်ရွက်ကြသည်။

အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်နှင့် တာဝန်ရှိသူများ၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ကားဂိတ်များနှင့် ဆိုင်ကယ်ဂိတ်နေရာများတွင် အမှိုက်မရှိစေရန်၊ ခရီးသွားပြည်သူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်နိုင်ရန်၊ အမှိုက်ခြင်း/အမှိုက်ပုံးများ ထားရှိခြင်း ရှိ/မရှိနှင့် ကားများနှင့် ဆိုင်ကယ်စီး ခရီးသွားပြည်သူများ လမ်းဘေးအမှိုက်မစွန့်ပစ်ရန်၊   "မြို့/ရွာတစ်ခွင် သန့်ရှင်းသာယာ လှပစေရန်" ပူးပေါင်းကူညီ ဆောင်ရွက်ကြရနှ်နှင့် လိုက်နာခြင်းမရှိသော ကားဂိတ်များနှင့် အမှိုက်စွန့်ပစ်သော ခရီးသွားပြည်သူများအား စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)