မိုးမောက်မြို့နယ်၌ အချိန်စေ့လွန်ချေးငွေ ( NPL) ပြန်လည်ပေးဆပ်နိုင်ရေး ကော်မတီ အစည်းအဝေး ကျင်းပ

 

မိုးမောက် နိုဝင်ဘာ ၂၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇင်မောင်မောင် ဦးဆောင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ဗန်းမော်) မှ မိုးမောက်မြို့နယ် အတွင်းရှိ တောင်သူများသို့ ထုတ်ချေးထားသော ၂၀၂၀  ဆောင်းသီးနှံ၊ ၂၀၂၁ ဆောင်းသီးနှံ Covid-19 Special  Relief loan အချိန်စေ့လွန်ချေးငွေ (NPL) များအားလာမည့်  ဒီဇင်ဘာလအကုန်အတွင်း အပြေအကြေ ပြန်လည်ပေးဆပ်နိုင်ရေး မြို့နယ်ချေးငွေ အကြံပေးအဖွဲ့၀င်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့ နံနက် ၁၀ နာရီက  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ) ရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် အဖွဲ့၀င်များဖြစ်သည့် သမဝါယမ ဦးစီးဌာန၊ စိုက်ပျိုးရေးဌာန၊ လယ်စီအင်းဌာန၊ မွေး/ကုဌာန၊ ဥပဒေဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လယ်ဖွံ့ဘဏ်မန်နေဂျာနှင့် ချေးငွေပေးဆပ်ရန်ကျန်ရှိသည့် စီကော်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊  တောင်သူများနှင့်အတူ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာ ဒီဇင်ဘာလကုန်တွင်  အပြေ အကြေ ပေးဆပ်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်